(၇) ကြိမ်မြောက်ကရင်နှစ်သစ်ကူးနေ့အခမ်းအနား




၇ ကြိမ်မြောက်ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်အောင်မြင်စွာ
ကျင်းပနိုင်ခဲ့ပါသည်။ထိုကဲ့သို့စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ခြင်းမှာအရှေ့ပိုးကရင်၊အနောက်ပိုးက
ရင်၊စကောကရင်၊ခရစ်ယာန်၊ဗုဒ္ဓဘာသာဟူ၍မခွဲခြားဘဲအတူတစ်ကွစည်းလုံညီညွှတ်စွာစုပေါင်း၍မိမိ
ကျရာတာဝန်ကိုမခိုမကပ်ကျေပွန်စွာ ၀ိုင်းဝန်းလုပ်ဆောင်ကြခြင်းကြောင့်သာ အောင်မြင်မှုသမိုင်းမှတ်
တိုင်တစ်ခုကိုစိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ထိုကဲ့သို့အောင်မြင်မှုမျိုးကိုကမ္ဘာ့နိုင်ငံရပ်ခြားအသီးသီးတွင်
ရောက်ရှိနေကြသောကရင်လူမျိုးများအားလုံးအတုယူစံနမှုနာယူကြစေလိုပါသည်။

အထူသဖြင့်ကျေးဇူးတင်လိုသည်မှာကြွရောက်လာကြသောကရင်ညီအစ်ကိုမောင်နှစ်မများအမျိုးဂုဏ်ဇာတိဂုဏ်
ကိုပူပြင်းသောနေရောင်ခြည်အောက်တွင်စည်းကမ်းသေသပ်စွာဖြင့်ဖော်ထုတ်ပြသခဲ့ကြသည်ကိုချီးကျုးဂုဏ်ပြု
မှတ်တမ်းတင်အပ်ပါသည်။

အခြားအရေးကြီးဆုံးဖြတ်ချက်များ

RSD,RST,Result သုံးကြိမ်ထက်ရက်ရွေးပြီး ချိန်းထားသူများမိမိကိုင်ဆောင်သော UNHCR File
ကိုမိတ္တူကူးပြီးMKO ရုံးတွင်ပေးသွင်းကြပါ။ခေါင်းဆောင်များကUNHCRတွင်တင်ပြပြီးပြန်လည်စစ်ဆေး
မေးမြန်းပြီးမှစဉ်းစားပေးနိုင်သည်။

နယ်လှည့်ကွင်းဆင်းလူသစ်မှတ်ပုံတင်ပေးသည့် Mobile Registrationဌာနသည်၂၀၀၈ခုနှစ်ထက်
၂၀၀၉ခုနှစ်တွင်လူသစ်ပိုမိုလက်ခံမည်ဖြစ်သည်။MKOမှတင်သွင်းသောလူသစ်စာရင်းကို၂၀၀၈ခုနှစ်ဒီဇင်
ဘာလ ၈ ရက်နေ့မှ ၂၀၀၉ခုနှစ်ဇန်န၀ါရီလအထိပြန်လည်စစ်ဆေးပြီးမှဖေဖော်ဝါရီလ၉ရက်နေ့မှာနယ်
လှည့်ကွင်းဆင်လူသစ်လက်ခံမည်ဖြစ်သည်။သို့ဖြစ်ပါ၍မိမိကဒ်လုပ်သည့်အဖွဲ့တွင်လူသစ်စာရင်းမသွင်း
ရသေးသူများMKOကဒ်မကိုင်ဆောင်သေးသူများလက်ခံမည်မဟုတ်သည့်အတွက်အမြန်ဆုံးလူသစ်စာရင်း
ပုံစံဖြည့်ကြပါရန်အသိပေးနိုးဆော်အပ်ပါသည်။

မှတ်ချက်။ ။ ကရင်ဒုက္ခသည်များအတွက် MKO အဖွဲ့အစည်းတခုသာ
UNHCRမှလက်ခံသည့်အတွက် MKO ကဒ်မကဒ်ဆောင်သူများကို လူသစ်အဖြစ်လက်မခံသည့်
အပြင်သက်တမ်းကုန်ဆုံးသောကဒ်များလည်းလက်ခံမည်မဟုတ်ကြောင်းထပ်လောင်းအသိပေး
အကြောင်းကြားအပ်ပါသည်။

မလေးရှာမှ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေး

ကျန်းမာရေးနှင့်ပတ်သက်သောကိစ္စမှန်သမျှကိုIndividual Assistant Department တွင်တာဝန်ရှိသူ
Dr.Susheeထံအကြောင်းကြားရန်ဖြစ်သည်။ကျန်မာရေးသင်တန်းများကိုလည်းသင်းကြားပို့ချရန်ရှိပါ
သည်။ထိုသင်တန်းများကိုတတ်ရောက်သည့်သူများအားလုံး M.K.O Malaysia Karen Organization သို့လာရောက်စုံစမ်းဆက်သွယ်နိုင်ပါသည်။

မလေးရှာမှ မြန်မာဒုက္ခသည်များ၏ ပညာရေး

မြန်မာဒုက္ခသည်များက မလေးရှားနိုင်ငံတွင်ဖွင့်လှစ်သော ကျောင်းများ အနက်
UNHCR တွင် ကျောင်းဖွင့်လှစ်မည်ဖြစ်ကြောင်းကျောင်းသား/သူစာရင်းပေးပို့သောကျောင်းများအား
အသိအမှတ်ပြုစာ(ကျောင်းမှာကပ်ရန်)ပေးမည်ဖြစ်သည်။ကျောင်းတွင်ထိုစာကပ်ရခြင်းဖြင့်လုံခြုံမှုအတွက်
အထောက်အကူပြုနိုင်သော်လည်းအပြည့်အ၀တာဝန်ယူမည်မဟုတ်ပါ။သတိထားသင့်သည့်အချက်မှာစာထုတ်
ပေးပြီးလုံခြုံပြီဆိုပြီးမိမိကြိုက်သလိုမနေဘဲအမြဲသတိထားပြီးနေထိုင်သင့်ပါသည်။